#ဘယ်တော့မှမမေ့ဘူး
မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး
ခဏလောက် ခေါ်သွားပါရစေ
စစ်ဆေးပြီးရင် ပြန်ပိုပေးမယ်
အဲဒီညကို
ဘယ်တော့မှ မမေ့ဘူး
ညိုသကျည်းကို
မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
ပလတ်စတစ်အိတ်ကြီး စွပ်ပြီး
ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
အိမ်သာထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့
အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
စားထားတဲ့ ထမင်း
အတောင့်လိုက် အန်ထွက်လာအောင်
ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
သမံတလင်းပေါ်မှာ
တိရစ္ဆာန်တကောင်လို နေခဲ့ရတဲ့
ငရဲခန်းကာလ ၁၇ ရက်ကို
ဘယ်တော့မှ မမေ့ဘူး
အဖေ ခံစားခဲ့ရတဲ့ စိတ်သောက ဒုက္ခတွေကို
ဘယ်တော့မှ မမေ့ဘူး
အမေ ကျခဲ့ရတဲ့ မျက်ရည်ပေါက် ကြီးငယ်တွေကို
ဘယ်တော့မှ မမေ့ဘူး
ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ ငါ့ရဲ့ မိသားစု ဘဝကို
ဘယ်တော့မှ မမေ့ဘူး
နေ့စဉ်နဲ့အမျှ
လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့
နှစ်ကာလများကို
ဘယ်တော့မှ မမေ့ဘူး ။
#လှသန်း
.jpg)
11 Comments
done
ReplyDelete🤜🤛
ReplyDeleteNever Forget!
ReplyDelete👊👊
ReplyDeleteFighting
ReplyDelete😡
ReplyDelete🤝
ReplyDeleteမမေ့ဘူး 😔
ReplyDeleteဘယ်တော့မှမမေ့ဘူး
ReplyDeleteNever forget.
ReplyDeleteအမြဲတမ်းအမှတ်ရနေမှာပါ.....နာကျည်းစိတ်တွေနဲ့....
ReplyDelete