"ရန်ကုန်ကို မချစ်ဘူး"


စိတ်ဝင်စားစရာတွေများပြီး

စိတ်ဝင်စားစရာနည်းနေတဲ့ရန်ကုန်ကို

မချစ်ဘူး

ရှုပ်ထွေးပွေလီတဲ့ လမ်းကြီးလမ်းငယ်တွေက

တကယ်တမ်းကျ ရှင်းရှင်းလေးတဲ့

မချစ်ဘူး 

ရန်ကုန်ကို

လွတ်လပ်ရေးမြောင်းဖုံးတွေအောက်မှာ

လက်မောင်းလောက်ကြွက်ဌာနကြီးတွေနဲ့

ရန်ကုန်ကို မချစ်ဘူး

မှောင်မဲတိတ်‌ဆိတ်နေတဲ့ ပလက်ဖောင်းတွေလား

လင်းထိန်ဝင်းပနေတဲ့ နီယွန်မီးတွေလား

ချစ်ရသူ ရန်ကုန်ကို

မချစ်ဘူး။ ။


-ကောက်ကွေ့-