ချွေးထုတ်နေသူရဲ့ဖတ်စာ

°°°°°°°°°°°°°°°°°°°°°°°°°°°°


ဒါမှမဟုတ်

အမြဲငေးငိုင်နေတဲ့သစ်သားတုံး

ခွေးတကောင်ဟာ သူ့အမှီးကို သူပြန်ကိုက်ဖို့

ကြိုးစားရင်း ချာချာလည်နေတာပါပဲ

သေခြင်းတရားတေးထပ်ရေးတဲ့အခါ 

ထွက်လာတာက

ချွေး မဟုတ်ရင် မျက်ရည်ပဲ စိုရမယ် 

ဆိုကြသလို

တုန်ရီနေတဲ့ မိုးတောရတုထဲက ပူရှိန်းရှိန်းလက်ကလေးရေ

ကမ္ဘာကို ဘုရားတွေစွန့်ခွာသွားခဲ့ချိန်ကို ဘယ်သူမှ 

မမှတ်မိကြတော့ဘူး

ဒီကာလမှာ လေဟာ ခပ်စိမ်းစိမ်းကြည့်တယ်

အထက်ကိုတက်သွားရင်း ဓါတ်လှေကားထဲ အသက်ရှုမဝကြ

ခပ်နုနုလေးအေးရင်တောင် ကြက်သီးထနေသလိုမျိုး

လမ်းမှားရင်း လူချင်းတွေ့ခဲ့ကြတဲ့ ချစ်ရသူတွေ

တယောက်ပြီးတယောက် သတိရ

စောင်အထပ်ထပ် ကမ်းခြေကို စိတ်ကူးယဥ်

ကြေးစည်သံရဲ့ လှိုင်းအတွန့်တွေ ။


#အမ်ဂျီသာယာ