"အလိုလျောက်နာမ်စား"
ခေါ်၍ ထူးတဲ့အခါ
ထူးဖို့ ခေါ်တဲ့အခါ
သိမ်းကျုံးမြင်ရသော မျက်နှာ
ဘယ်သီချင်းကို နောက်ပြန်ဆိုမလဲ
ရိုးရိုးလေးပဲ ထူးခြားနေ
နောက်ပြီး ထူးခြားစွာ ရိုးရှင်းနေတယ်။
ငါ့ချစ်သူ သစ်ပင်လေးတစင်း
ဆံပင်တွေရှည်လာရောပေါ့
မမြင်ရလည်း မြင်နေတယ်
မကြားရလည်း ကြားနေတယ်
တွေ့ဆုံခွင့်ဆိုတာ
ဘယ်ကိုပျံသွားလဲ သိမိသူ စက္ကူငှက်
စာထဲ အကုန်ပါမလာနိုင်ပါဘူး
အပြုံးနဲ့အရယ်
နှလုံးသားတခုလုံး အရပ်မျက်နှာဖြစ်တယ်။ ။
-ကောက်ကွေ့

4 Comments
Good
ReplyDeleteအပြုံးနဲ့အရယ်ရယ် နှလုံးသားတစ်ခုလုံးအရပ်မျက်နှာဖြစ်တယ်💛💜
ReplyDelete💛💜
Deleteပန်းပွင့်တွေ သစ်ရွက်တွေက
ReplyDeleteအသစ်အသစ်တွေနဲ့ဝေဆာနေဆဲပေါ့