"အလိုလျောက်နာမ်စား"



ခေါ်၍ ထူးတဲ့အခါ

ထူးဖို့ ခေါ်တဲ့အခါ

သိမ်းကျုံးမြင်ရသော မျက်နှာ

ဘယ်သီချင်းကို နောက်ပြန်ဆိုမလဲ

ရိုးရိုးလေးပဲ ထူးခြားနေ

နောက်ပြီး ထူးခြားစွာ ရိုးရှင်းနေတယ်။


‌ငါ့ချစ်သူ သစ်ပင်လေးတစင်း 

ဆံပင်တွေရှည်လာရောပေါ့

မမြင်ရလည်း မြင်နေတယ်

မကြားရလည်း ကြားနေတယ်

တွေ့‌ဆုံခွင့်ဆိုတာ 

ဘယ်ကိုပျံသွားလဲ သိမိသူ စက္ကူငှက်

စာထဲ အကုန်ပါမလာနိုင်ပါဘူး 

အပြုံးနဲ့အရယ်

နှလုံးသားတခုလုံး အရပ်မျက်နှာဖြစ်တယ်။ ။


-ကောက်ကွေ့