ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။
ငါတို့က တစ်သက်လုံးအတူရှိလို့ရပါတယ်။
ဒါပေမယ့် အတူရှိနေရင်တောင်
အတူဖြစ်နေတော့မှာမဟုတ်ဘူး။
မီးရထားသံလမ်းတွေကို တွေ့တိုင်း
ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။
ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လို့မရတဲ့
မနီးစပ်ခြင်းမျိုးကို ငါတို့ရရှိခဲ့ကြပါတယ်။
နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ
အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့
အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။
ကမ္ဘာက အကျယ်ကြီး။ ငါတို့တွေ့ဖို့အတွက်
အခွင့်အရေးက အများကြီးမရှိ။
ဒါပေမယ့်ငါတို့တွေ့ခဲ့ကြတယ်။
တစ်နည်းအားဖြင့် ငါတို့တိုက်မိခဲ့ကြတယ်။
ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။
မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတို့ဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး ။
#ဆပ်ရိပ်

4 Comments
ငါတို့တိုက်မိခဲ့ကြတယ်....😢
ReplyDeleteငါတို့စကားမပြောဖြစ်ကြဘူး...😔💔
ReplyDeleteငါတို့နှုတ်ဆိတ်ခဲ့ကြတယ်
ReplyDelete😌😌😌
ReplyDelete