တစ်အိမ်သားလုံးသောက်ဖို့ကော်ဖီ
အမေအမြဲလုပ်နေကျအလုပ်က တစ်အိမ်သားလုံးသောက်ဖို့ကော်ဖီဖျော်တာပဲ။ငါတို့မိသားစု၀င်တွေစားပွဲ
တစ်လုံးမှာ သွားမစုမိလိုက်နဲ့၊ မိုးလေးက ဖျောက်တောက်
ဖျောက်တောက်သွားမကျမိလိုက်နဲ့၊ မနက်ခင်းလေးမှာ
နှင်းလေးဖွဲဖွဲမကျမိလိုက်နဲ့၊ငါတို့အမေဟာ တစ်အိမ်သား လုံးသောက်ဖို့ကော်ဖီကိုဖျော်ချလိုက်တာပဲ။ငါ့တို့ဟာ
အမေ့ကြောင့် ရင်တုန်ရတယ်။ အမေ့ကြောင့်အိပ်မရဘူး။
တစ်အိမ်သားလုံးသောက်ဖို့ကော်ဖီကို အမေတစ်ယောက်
တည်းဖျော်တယ်။ မိသားစု၀င်တွေအချင်းချင်း စကားမများလိုက်နဲ့၊တစ်ယောက်ကိုတစ်ယောက်မခေါ်မပြောမလုပ်လိုက်နဲ့၊ အိမ်ပြန်နောက်ကျတာမျိုးမဖြစ်စေလိုက်နဲ့၊
အိမ်တစ်ခုလုံးတိတ်ဆိတ်မနေစေလိုက်နဲ့၊ ညည်းညူသံ
တွေ မထွက်လိုက်နဲ့။
နစ်ခ်

5 Comments
Done
ReplyDeletedone
ReplyDelete💛💜
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDelete