Time remaining:
20
🔳 ညီမလေး_ ရထား
နေ့ခင်းတခင်းစာ လင်းပွင့်ခဲ့တဲ့ ညဟာ
ရထားဥဩသံတွေကို ပျောက်ဆုံးစေပြီး
ဘူတာတွေကို မေ့လျော့စေတယ်
ပန်ချင်သူတွေ ခူးဆွတ်ကြပြီး
ပြန်စိုက်ပျိုးဖို မမေ့ရင်
မနေ့ကထက် ပိုပျော်စရာ ကောင်းနိုင်မယ်
ခုဆို ညီမလေးလည်း ဘယ်အရပ်ဒေသမှာ
ဆံပင်တွေရှည်နေမလဲ
ကျရှုးခြင်းတွေ လက်ယပ်ခေါ်ရာမှာ
မျက်ရည်တွေနဲ့ စိုစွတ်စေရင်း
ရှင်သန်တတ်ခဲ့ပြီလား
ညီမလေး ကြီးပြင်းခဲ့သလား
လူငယ်လူရွယ်တွေ အသေပျောက်များတဲ့
ကာလကြီးတခုမှာ ကွယ်လွန်ခဲ့ပြီလား
နှုတ်တရာ စာတလုံး ဘာမှမရှိခဲ့ဘဲ
အချစ်ဆိုတာ
ကိုယ့်သေတွင်းကိုယ်တူးသလို
ယုံကြည်ရာအရပ် ခေါင်းချဖို ဝန်မလေးခဲ့
ထာဝရရပ်တန့်ခဲ့ရတဲ့
မနက်ခင်း ဘူတာမှာ
ညဟာ ခုနှစ်သက္ကရာဇ်တိုင်းအပေါ်
ဆက်လက်ခုတ်မောင်းခဲ့တယ်
လွမ်းတတ်ရင် ပင်လယ်ပဲဖြစ်ပါစေ
စကြာဝဠာတခုလုံးလည်း ထိုင်းမှိင်းစေတယ်။။
- ရွှေကြယ်မိုး
.jpg)
6 Comments
လွမ်းတတ်ရင် ပင်လယ်ပဲဖြစ်ပါစေ
ReplyDeleteစကြာဝဠာတခုလုံးလည်း ထိုင်းမှိုင်းစေတယ်။။
- ရွှေကြယ်မိုး
❤😓
ReplyDeleteAppreciate.
ReplyDeleteပန်ချင်သူတွေ ခူးဆွတ်ကြပြီး
ReplyDeleteပြန်စိုက်ပျိုးဖို မမေ့ရင်
မနေ့ကထက် ပိုပျော်စရာ ကောင်းနိုင်မယ်
😌
ReplyDelete❤
ReplyDelete