20-Second Timer
Time remaining: 20


 đŸ”ł ရွှေဆံတော်


လွမ်းပြီး ပြန်ရမယ့်လူရယ်

လွမ်းရင်း ကျန်ခဲ့ရမယ့်သူရယ်

တောင်ဘက်မုခ် လှေကားတွေအတိုင်း တက်ခဲ့တယ်

ချစ်တတ်တဲ့စိတ်တွေစီးမိုး

မြင်ရတဲ့ သီရိခေတ္တရာရပ်ဝန်းမှာ

စိမ်းညိုနေလိုက်တာ ဒါ နှလုံးသားနွေဦးရာသီ

မကြားဖူးတဲ့ ကျေးငှက်သံတွေ

အလွမ်းထူးမယ့် ဆည်းလည်းသံတွေဟာ

ရယ်သံကဗျာရဲ့ နောက်ခံဂီတ

ဆုပန်ဆုတောင်း ဇောင်းတန်းအသွယ်သွယ်အောက်

သံသရာတိုင်အောင်

သနပ်ခါးပါးကွက်လေးကို စွဲလန်းခဲ့ပါတယ်။။ 


- ရွှေကြယ်မိုး