20-Second Timer
Time remaining: 20


 စူပါဟီးရိုးဝတ်စုံ အသစ်အဆန်း 


ငယ်ငယ်က 18+ကား ကြည့်ခဲ့ရတဲ့ 

အခိုက်အတန့်တစ်ခုကို ငါဟာ မှတ်မိနေတယ်။ 


အဲ့ဇာတ်ကားထဲ အိပ်ရာပေါ်မှာ သေဆုံးသွားတဲ့

ကင်းမြီးကောက်မည်းတစ်ကောင်။ 


ဟိုတယ်ခန်းက စားပွဲခုံပေါ်မှာ 

သောက်လက်စ sexyအရက်ခွက် တစ်ခွက်။ 


ဇာတ်လမ်းထဲမှာ တကယ် ဘယ်သူမှမရှိဘူး

အဆီရစ်နေတဲ့ ရင်သားတွေဟာ 

လိင်ကိစ္စမှာ ဘယ်လောက် အသုံးဝင်တဲ့ အကြောင်းသာ

နောက်ခံ စကားပြောသံပါတယ်။


မှတ်ဥာဏ်ထဲ ရေးရေးထပ်ပေါ်လာ

တိမ်တွေဆီက လျှပ်စစ်သံလိုက်ကိုစုပ်ယူလိုက်တယ်

ငါ့ငယ်ပါကို ဖုံးဖို သစ်ရွက်ပုံဝတ်စုံလေး ချုပ်

ပြီးရင် ရင်ဘတ်ပေါ်မှာ အပေါက်တစ်ပေါက် ဖောက်

ငါ့အသားစိုင် သွေးသံရဲရဲ တကယ်ဖောက်လိုက်တာဖြစ်တယ်။ 


ငါ့ရင်ဝအရှိက် အပေါက်ကြီးတည့်တည့်မှာမှာ

လေထဲ ဟာတာတာ ဗောလောမျောတဲ့

အလင်းရောင်ထွက်နေတဲ့ ကျောက်တုံးတစ်တုံး။ 


ပျောက်ဆုံးနေပေမယ့် နွေးထွေးတဲ့ အလင်းရောင်

တစ်ကိုယ်လုံးက ဝါယာကြိုးတွေ နိုးထလာတယ်

အလင်းရောင်အသစ်ကြောင့် 

ငါ ဘာလုပ်ရမှန်း မသိတော့ဘူး

ရုပ်မြင်သံကြားထဲက အကြာကြီးပျောက်နေတဲ့ သီချင်းလေး။အဲ့သီချင်းလေးဟာ အချစ်ရဲ့ကျေးဇူးတရားကို ပြသဖို ငါ့ဆီ ပြန်ရောက်လာ။ 


သရဲတစ္ဆေများ ငါ့စိတ်ကို စုပ်ယူနေကြ 

ငါကတော့ ဝေလငါးတစ်ကောင် ခွစီးပြီး

အဲ့ရုပ်ရှင်ကားကို အပြီးရပ်တန့်ဖို ကြိုးစားနေဆဲ။


ကန္တာရမိုးစက်