#နွေညနေရေ



နွေညနေရေ

ဂါ၀န်လှလှလေးတွေ ယူလာပါ

ချည်သားစစ်စစ်မေတ္တာတရားနဲ့အတူ


နွေညနေရေ

ကားဟွန်းသံတွေ ဖြည်းဖြည်းပေါ့

လေသိပ်မတိုက်တော့ စီးကရက်တွေ

အကုန်မမြန်တော့ဘူးပေါ့

ဒီလို အကောင်းမြင်စိတ်လေးနဲ့

နေကာမျက်မှန်ကိုချွတ်ပါ


နွေညနေရေ

စုံစီနဖာသွားရေစာလှည်းကလေးဆီက 

မောင်းသံတစ်နောင်နောင်ကို ကြားမိပါစ

ပလက်ဖောင်းဘေး ခိုကလေးတစ်အုပ်

လှုတ်ခပ်လွန့်လူး ပျံစေဦးပေါ့


နွေညနေရေ

ဘာကိုမှ သေသေခြာခြာမတွေးဘူးသူတွေဆီက

ဘာကိုမှ မမျှော်လင့်မိစေနဲ့


နွေညနေရေ.. ။         ။

     

-Aမွန်