20-Second Timer
Time remaining: 20

 


ရုပ်ရှင်


နှင်းတွေ ဖွဲဖွဲကျနေပုံ မဟုတ်ဘဲ

ရွာတွေဆီက ပြာစတွေ တဖွေးဖွေး။


"ဒီအိမ်ကို ဆောက်ဖို ငါ့သားလေးက

သူများနိုင်ငံမှာ ကျွန်ခံခဲ့ရတာ" လို

အော်ဟစ်နေတဲ့အခန်းမှာ 

သရုပ်ဆောင်သူအဘွားအို ရူးသွားတယ်။


ဇာတ်ကောင်တွေဟာ အများကြီးဆိုတော့

ငိုသံတွေလည်း အကျယ်ကြီးပဲလေ။

ဇာတ်၀င်တေးက တယောသံနဲ့ မဟုတ်ဘူး

သေနတ်သံ ၊ ဗုံးသံနဲ့ ။


ကြည့်ရှုသူတွေဟာ ဘ၀ပိတ်ကားပေါ်မှာ

ကိုယ့်အလောင်း ကိုယ် ပြန်မြင်နေကြရတယ်။ ။


-မောင်ရေချမ်း