ကဗျာဖတ်ရင်းလှူ logo

အပြင်းဖျားခြင်း


စစ် ရှုံးပြီ

ငါ့ကို မိုင်းကွင်းထဲ မထားခဲ့ပါနဲ့

သံတွေ ခဲတွေ မြုံထားပြီး

သတ္ထု ပွင့်ချပ် ရဲ့နှုတ်ခမ်းမှာ

အသံအက်အက်ကလေးတောင် ပူပြင်း အ ငွေ့ပျံ

ငါ့ သီချင်းကို အပ် နှံ လိုက်ပါပြီ ။

တွေဝေခဲ့

တွန့်ဆုတ်ခဲ့

ရှုပ်ယှက်ခပ်နေတဲ့ ဓါတ်ကြိုးတွေနဲ့

အာရုံငါးပါး အလင်းဓါတ်ပွင့်ခဲ့

အသက်ရှုမှု တစ်ခု မှ နောက်တစ်ခုပေါ်ဆင့်လို့

လူမှုထွက်ပေါက် တစ်ခုရဲ့ အစွန်းပေါ် တက်ထိုင်မိကြ

ပတ်သက်လို့ မဝ နိုင် တော့ဘူး။

ရုပ် ရှင် ကို တခြမ်းပဲကြည့်မယ်

ငါ့ကိုလည်း တဝက်ပဲ ဝယ်ပါ

ဖြတ်ပြီးသားလက်မှတ်ပေါ်

မှိန်ထားတဲ့ တောက်စားမှုဟာ

ဆလိုက် မထိုးတဲ့ ရုပ် ရှင် ။  ။

-ခက်သီ-