20-Second Timer
Time remaining: 20

 


လူရွှင်တော် 


တိုင်းပြည်ပျက်ကြီးထဲမှာ 

ဘာလို ရယ်စရာတွေပြောနေတာလဲ?


မင်း မရယ်နိုင်တော့ရင်

မင်း မပျော်ရွှင်နိုင်တော့ရင်

မင်း ငိုနေရင်

ပျော်မယ့်သူတွေ ရှိလိုပေါ့အချစ်ရယ်။


မျက်ရည်တွေကို ပျက်ရယ်ပြုလိုက်ပါ

ငါဟာသတွေပြောရင် မင်းရယ်မောပါ

ရယ်တာဟာ ရူးတာမှမဟုတ်တာကွယ်။


#အန်နိုလာ