နိုဝင်ဘာ သီချင်း
နှင်းမကွဲသေးဘူးလား
ဘုရားကျောင်းလက်ရန်းက
အင်္ဂတေ ကနုတ်ပန်းလေး ကွာကျနေတယ်
ခပ်ဝေးဝေးက မီးခိုးငွေ့တစ်အူအူဆီ
အဘယ်သူက ဆွေးစိတ်နဲ့ ကြည့်ဖို့အားပါ့မလဲ
ရွာသားတွေဟာ ရွာဘုရားကိုထားခဲ့
သေစာရှင်စာတတ်ရင် တော်ရောပေါ့ဆိုတဲ့
သေသူရှင်သူတွေက
ရှင်လျက်တန်းလန်း သေပန်းပွင့်တော့သလို
စွန့်စွန့်စားစား ကိုးကားစရာလည်း မရှိ
ခြောက်ခြောက်ခြားခြား ထောက်ထားစရာလည်း မရှိ
မရှိခြင်းတွေလည်း မရှိလေ
နေမကောင်းတဲ့ တောလမ်းလေး တစ်လျှောက်
အိပ်မက်ပေါက်စလေး တစ်ယောက်
ဖိနပ်မပါဘဲ လမ်းလျှောက်နေတယ်
မျက်ရည်မှာ သက်သေအပြည့်နဲ့ ။ ။

4 Comments
❤
ReplyDeleteAppreciate.
ReplyDeleteAppreciate 🥰
ReplyDelete🤍
ReplyDelete