20-Second Timer
Time remaining: 20


 "သစ်ရွက်ကြွေ"

****

အခုလောက်ဆိုရင်

မင်းဆံပင်ဘယ်လောက်ရှိပြီ။


အခုလောက်ဆိုရင်

မင်းအရပ် ဘယ်လောက်ရှိပြီ။


ငါ့မှာ

ပြင်မရတဲ့အမှားတစ်ခုနဲ့

အဖျားကူးခဲ့ နေ့ ‌‌လေးတစ်‌နေ့ နဲ့။


အလွမ်းအဆွေးဟာ

မင်းဘ၀အတွက် မတိုးတော့တဲ့ဆေးလား။


လမ်းကလေးဟာ

ငါ့ဘ၀အတွက် မဆံုးတော့တဲ့ အတွေးလား။


အော် မင်းထားခဲ့တဲ့ တရားဓမ္မပေါ့

တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။

#စိုင်း၀င်းမြင့်