မိသားစု
မိသားစုဆိုတာ
တစ်ယောက် ရှေ့ရောက်ဖို
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံ မြည်တယ် ။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း
လှုပ်ရှားရတယ် , အိမ်ရှိလူအကုန် ။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့အကို ၀င်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့အမကြီး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး ။
ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို
လမ်းနဲ့ သွေးသားတော်စပ်တယ်လို ထင်တယ် ။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ မိုးယိုပေါက်လေး တစ်ပေါက်
ရှိနေတယ် ဆိုရင်လည်း ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ ကြမ်းခင်းတစ်ပေါက်
ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
#စိုင်း၀င်းမြင့်
.jpg)
6 Comments
Done 🍀
ReplyDeleteOne of my fav✌️🍀
ReplyDelete🤍
ReplyDeleteစုန်းပြူး
ReplyDeleteAppreciate.
ReplyDeleteFighting
ReplyDelete