Time remaining:
20
"ငါ့နားထင်ကိုတေ့ထားတဲ့သီချင်း"
သေခြင်းတရားအကြောင်း
လူပြောသူပြော များလှတဲ့နေ့တနေ့မှာ
ကျနော်ဒီကဗျာကို ရေးဖြစ်တယ်။
ပရက်စလေ ကတ်ကိုဘိန်း ၊
မြိုမငြိမ်း နဲ့ ဗင်းဆင့်ဗန်ဂိုး
သူတိုလောက်သတ္တိမရှိတာ နာတယ်။
ခေါင်းတိုင်ကထွက်လာတဲ့မီးခိုးငွေ့လို
အလွမ်းအမောများနဲ့
ဘဝက ဆွဲရင်လည်းသေ
မဆွဲရင်လည်း အစားခံရမယ့်ဖဲ
သင်္ဘောပျက်တစီးလို
တိတ်ဆိတ်နေလိုက်တယ်။
မတော်တဆတော့
ကျနော်ကျမကွဲချင်ဘူး အမေ။ ။
-ရိုးဒီ
.jpg)
7 Comments
အလွမ်းအမောများနဲ့ ...
ReplyDelete😔
ReplyDeleteAppreciate.
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeletedone
ReplyDelete💛
ReplyDeleteFighting
ReplyDelete