20-Second Timer
Time remaining: 20


မကောင်းတဲ့ခေတ်ချင်း တူပေမဲ့

ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီး

ဖွင့်ပေးတဲ့ လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။

ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို

လမ်းဘေး ကဖေးဆိုင်ထိုင်ရင်း

လူရှေ့သူရှေ့ လွင့်မျောခွင့် မရှိတော့ဘူး။

အခုဆို ဘယ်သူက ဘယ်သူ့ကို

ကြိုက်နေတာမှန်းတောင် ငါတိုမသိနိုင်တော့ဘူး။

မင်း နားကြပ်လေးထဲက သီချင်းဟာ

ဘာသီချင်းပါလိမ့်

မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ

ပျောက်ဆုံးခြင်းဟာ အခန်းကိုယ်စီဆီ

အထီးကျန်စွာ ရောက်ရှိလာ

ဘာသားနဲ့ထုထားတဲ့ နှစ်တွေလဲ။

ချာတိတ်ဆိုတာ

ကိုယ့်ရင်ဘတ်ကိုယ်

ထင်ရာစိုင်းပြီးဆွေးမြေ့ခွင့်ရှိပါတယ်။


- အောင်ခိုင်မြတ် -