အချစ်ကဗျာ
"ရှင်သေနတ်မှန်သွားရင်
ပြဲသွားတဲ့အင်္ကျီ ဘယ်သူလာချုပ်ပေးမှာလဲ"
အချစ်က ရှင်တချိန်လုံးသယ်လာတဲ့ကျမ်းတွေထက်
ဆန်းကြယ်တယ် ဆိုတာ ရှင်မသိဘူးလား
ရှင်ရေးနေတဲ့ကမ္ဘာကို ရှင်အဓိပ္ပါယ်မဖွင့်တတ်ပေမယ့်
ရှင်တွေးနေတဲ့ကဗျာကို ကျမအဓိပ္ပါယ်ဖွင့်တတ်တယ်
ကျမနဲ့တွေ့တိုင်း ကဗျာလိုလို စာလိုလို လိုရင်းမရောက်ဘူး
( ရှင် ကျမကို နမ်းချင်နေတယ်မဟုတ်လား )
လုပ်ပါ လုပ်ပါ တိုင်းပြည်ကြီး ပြာပုံထဲကပျံတက်လာအောင်
ရှင့်နှုတ်ခမ်းတွေတန်ခိုးနဲ့ ကျမနှုတ်ခမ်းတွေကြွတက်
လာအောင်လုပ်သလို လုပ်လိုက်ပါ။
လုပ်ပါ လုပ်လိုက်ပါ ဂစ်တာတစ်လုံးကို ငါးယောက်
ဝိုင်းတီးပြီး ကျမအာရုံ ၆ ပါးစလုံးကိုညှိယူလိုက်တဲ့
walk off the earth တွေလို လုပ်လိုက်စမ်းပါ။
တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ရှင်မေ့လျော့နေတဲ့အခါ
အရာရာကို ကျမကပဲစတင်ပါ့မယ်
ရှင့်ခေါင်းကိုမော့ပြီး ကြယ်တွေကိုပဲကြည့်နေထားလိုက်ပါ။
ကျမကိုချစ်ရင် အမဲသားမစားပါနဲ့
ဒီလိုလည်းကျမ သွေးမကြောင်ပါဘူး။
စိတ်ချပါ ရှင့်သူငယ်ချင်း ကဗျာဆရာတွေလာတဲ့အခါ
ရုပ်ရှင်မပြခင် နိုင်ငံတော်သီချင်းနဲ့အလံတက်လာသလို
ကျမ မတ်တတ်ထရပ်လိုက်ပါ့မယ်။
စိတ်ဖြောင့်ဖြောင့်ထားပြီးချစ်
အဓိပ္ပါယ်မဖွင့်နိုင်တာကိုက အချစ်လေ
အဓိပ္ပါယ်မပွင့်နိုင်တာကိုက ကဗျာလေ
ဒီတော့ အချစ်ဆိုတာ ကဗျာ ကဗျာဆိုတာ အချစ်ပေါ့
စစ်ဘယ်လောက်ဖြစ်ဖြစ် ရှင့်ကို ကျမချစ်နေမယ်ဆိုတာ
ကျားကိုခုန်အုပ်လိုက်တဲ့ ယုန်ကလေးရှင် ယုံလိုက်စမ်းပါအစဉ်
ကျမရဲ့လင် အိုသခင်။
#ခရမ်းပြာထက်လူ
.jpg)
21 Comments
❤️
ReplyDelete❤
ReplyDeleteDone 🍀
ReplyDeleteDone 🤍
DeleteDone 🍀
Delete🤍
ReplyDeleteAppreciate.
ReplyDeleteရှင်သေနတ်မှန်သွားရင်
ReplyDeleteပြဲသွားတဲ့အင်္ကျီ ဘယ်သူလာချုပ်ပေးမှာလဲ
🤍
DeleteFighting
ReplyDelete❤
ReplyDeleteတော်တော်ချစ်တတ်တာပဲ
ReplyDeleteလုပ်ပါ လုပ်ပါ တိုင်းပြည်ကြီး ပြာပုံထဲက ပျံတက်လာအောင်
ReplyDelete♥︎
ReplyDelete♥︎
DeleteDone
ReplyDelete❤
ReplyDelete💛
ReplyDelete91323
91823
ReplyDelete92323
Delete112823💛
Delete