20-Second Timer
Time remaining: 20


 "ကဒ်ပြား"


တယောက်ကဖွင့်ထားတဲ့ သီချင်းကို နောက်တယောက်က လိုက်ညည်းမိရာက လူလူချင်းရင်းနှီးမှု 

ဒါပေမဲ့

ငါတိုကြားမှာမရှိ။


ကတ္တရာလမ်းပေါ်က အပူငွေ့ကို လက်လက်ချင်းကမ်းမိရာက စိတ်ထား

အဲဒါမျိုး

ငါတိုကြားမနာဖျား။


ရက်ရက်စက်စက်စွန့်ခွာသွားတဲ့

နွေတွေ အတောင်ပေါက်လို အပျံသင်ကြ သေဆုံးကြရ

ခက်တာက 

ထမြောက်ခြင်းဟာ ငါတိုကြား

အသုံးမဝင်။


လိပ်စာမှာ ပျောက်ဆုံးသွားခဲ့တဲ့ အိမ်တွေ‌ဆီ အတူတကွ ပြန်လာကြသူတွေရဲ့ မီးတုတ်များ၏အလင်းရောင်

ခေါ်နေမှန်းသိရက်

မထူးနိုင်။


ဒါဟာ စစ်တွင်းကာလတလျှောက်

လက်လှမ်းမီသမျှ

ကျဆုံးလေပြီးသော ကဗျာရှည်တွေ

...

ပြီးတော့

ပြီးတော့ မပြီးသေးဘူး။ ။


-ကောက်ကွေ့