20-Second Timer
Time remaining: 20

 


မြူတွေကို ကြည့်တော့လည်း အမြဲတမ်းပဲ တစ်ယောက်ယောက်နဲ့ ခွဲခွါခဲ့ရတဲ့ ခံစားချက်ကိုပဲ ခံစားရတယ်။ ပြီးတော့ ကိုယ် အိပ်မောကျနေဆဲမှာ မင်း လာထွန်းညှိသွားတဲ့ ဖယောင်းတိုင်။ တစ်ယောက်ယောက်ကတော့ တစ်နေရာရာမှာ ဒီလိုစာသားမျိုး ရေးဖူးလိမ့်မယ်။ ကိုယ့်အခန်းထဲကို နေရောင်ခြည် ကျရောက်လာပုံက မင်းရှိနေခဲ့စဉ်တုန်းကအတိုင်းလိုမျိုးပဲ ဆိုပြီးတော့။ သတိရစရာ ခံစားချက်တွေကတော့ တစ်ယောက်မဟုတ် တစ်ယောက်ဆီမှာ ရှိနေခဲ့ကြမှာပဲ။ ညအလယ်မှာ ပွင့်တဲ့ သစ္စာပန်းတွေ မွှေးနေပြီလား။ ပန်းတွေရဲ့ အရိပ်တွေကလည်း ညနေ မှောင်ရီပျိုးစအချိန်မှာ ဘယ်တုန်းကမှ ရေရေရာရာ မရှိတဲ့ ကိုယ်တိုရဲ့ အရိပ်တွေလိုမျိုး၊ ဒါမှမဟုတ် အကျဉ်းထောင်ကနေ မလွတ်မြောက်လာသေးတဲ့ သားတစ်ယောက်ကို မျှော်လင့်နေဆဲ မိခင်တစ်ယောက်လိုမျိုးပါပဲ။ ချစ်ခြင်းမေတ္တာ ဆိုတာမျိုးသာ ရှိမနေခဲ့ဘူး ဆိုရင်တော့လည်း မနက်ခင်းမှာ ကိုယ်ရဲ့နံဘေး အိပ်စက်နေမယ့် မင်းကို ‘အချစ်ရေ ထတော့၊ နေရောင်ခြည်တွေ လင်းနေပါပေါ့’ လို နောက်တခါ ထပ်မံနှိးမိတော့မှာ မဟုတ်ပါဘူး။ အိပ်မက်ထဲမှာတော့ ဘယ်သူမဆို ကိုယ်ချစ်မြတ်နိုးတဲ့သူကို နမ်းခွင့်၊ ထွေးပွေ့ခွင့် ရှိကြတာမျိုးချည်းပဲ။ 


မိုးရဲ

Jan 2023