ဘာဖြစ်ချင်လဲဆို
" ငါ့တုန်းကဆိုရင် "လို ပြောတဲ့လူတွေနဲ့
ဝေးဝေးမှာပဲ နေချင်တယ် ။
လိပ်ပြာဖြစ်ကာစ အကောင်ပေါက်ကလေးတွေ
စိတ်ရှိတိုင်း ပျံထွက်သွားနိုင်ကြဖိုရာအတွက်
အိမ်ပြတင်းတံခါးတွေကို ထ,ထဖွင့်ပေးချင်တယ် ။
မိုးလည်း အုံနေစေချင်တယ် ,
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
နောက်ကျစေချင်တယ် ။
ပကတိအတိုင်းမရှိတဲ့စိတ်ကိုလည်း
တည်ငြိမ်လာစေချင်တယ် ။
တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ငေးနေတဲ့နေရာဟာ
ရုပ်ရှင်ထဲကလို ပန်းတွေ တဖြည်းဖြည်းပွင့်လာတဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ် ။
စကားတွေ နည်းလာချင်တယ်
ကိုယ့်ရဲ့ဘေးမှာ အမှန်အတိုင်းတွေပဲ
များ , များ လာစေချင်တယ် ။
ခလုတ်ထိချင်တယ် ,
အမိလိုလည်း တခွင့်ရချင်တယ် ။
တစ်နေ့တော့ဆိုတဲ့နေရာကို သိချင်တယ်
ခြေဦးတည့်ရာထွက်သွားမိခဲ့ရင်တောင်မှ ကောင်းရာမွန်ရာရောက်မှာပါလို အမြဲယုံကြည်နေချင်တယ် ။
ဘာတစ်ခုမှ မရနိုင်တော့ဘူးဆိုရင်တောင်မှ
အရာအားလုံးကို ဆုံးရှုးသွားခဲ့ရတာလေး သေချာနေစေ့ချင်တယ်။
#ချစ်မင်းဝေ
.jpg)
8 Comments
Done 🍀
ReplyDeleteတစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ငေးနေတဲ့နေရာဟာ
ReplyDeleteရုပ်ရှင်ထဲကလို ပန်းတွေ တဖြည်းဖြည်းပွင့်လာတဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ် ။
😇😇😇😇😇😇
ReplyDeleteပကတိအတိုင်းမရှိတဲ့စိတ်ကိုလည်း
ReplyDeleteတည်ငြိမ်လာစေချင်တယ် ။
ဘာတစ်ခုမှ မရနိုင်တော့ဘူးဆိုရင်တောင်မှ
ReplyDeleteအရာအားလုံးကို ဆုံးရှုးသွားခဲ့ရတာလေး သေချာနေစေ့ချင်တယ်။
#ချစ်မင်းဝေ
Done💕
ReplyDeleteတစ်နေ့တော့ဆိုတဲ့နေရာကို သိချင်တယ်
ReplyDeleteခြေဦးတည့်ရာထွက်သွားမိခဲ့ရင်တောင်မှ ကောင်းရာမွန်ရာရောက်မှာပါလို အမြဲယုံကြည်နေချင်တယ် ။
🍀
I like this poem.
ReplyDelete