20-Second Timer
Time remaining:
20
သို့/လူလူ~~~~
လူလူရေ၊
မင်းက ပုသိမ်မှာသာတဲ့ လ ပဲ
ဘယ်လောက်ဝေးဝေး
ပထမဆုံးခြေလှမ်းလေးပဲ အရေးကြီးတာပါ
လူလူရေ။
တောင်ပေါ်တောခြောက်
ပြောလောက်စရာ ရိုးမစခန်းတွေဆီ မရောက်ပေမယ့်
ထောင်နံရံလေးဘက်ကြား
အမှန်တရားနဲ့ကဗျာအလံကို မြင့်မြင့်မားမား လွှင့်ထူထားတဲ့အတွက်
ချစ်ရပါတယ် လူလူရေ၊
တစ်ချိန် သမိုင်းက မေးတဲ့အခါ
ရင်ကော့ပြစရာ ခေါင်းမော့ထားစရာပေါ့
ဒါပေမယ့် ခါးတယ်ကွာ၊
ခွဲခွာရခြင်းဟာ အလွန်ခါးသက်လှပါရောလား
ငါတို့မှာ ပစ်တိုင်းထွက်တဲ့
အလွမ်းဘယ်နှစ်လက်များ ကျန်တော့လို့လဲ။
လူလူရေ
သေချာအားစိုက်ပြီးနားထောင်စမ်းပါ
တိတ်ဆိတ်နေတဲ့အခါ ငဝန်ရဲ့ရေစီးသံဟာ
ကဗျာဖြစ်ပါတယ်၊
မစ္စစပီကရေတွေ ဧရာဝတီကရေတွေ သောင်ရင်းကရေတွေ ငဝန်ကရေတွေ
ကဗျာဆရာမောင်အောင်ပွင့်ပြောတဲ့ သမိုင်းအရည်တွေပါပဲ
လူလူရေ ကျန်းမာအောင်သာနေ
တစ်ချို့ကဗျာတွေက ရှည်တော့
ဖတ်ရတာ နည်းနည်းကြာတတ်တယ်။
-Aမွန်

9 Comments
လူ"❤️
ReplyDelete😍
ReplyDeleteDone 🍀
ReplyDelete❤
ReplyDeleteလူလူရေ။
ReplyDeleteDone
ReplyDeleteလူလူရေ
ReplyDelete102023💛
102923💛
Delete11223
Delete