မီး ဂရက်ဖတီ 


ဒီလို စိတ်ပျက်ညိုးငယ်စရာ လပေါင်းများစွာ တစ်လျှောက်လုံး ကိုယ့်ဘ၀က 

ကိုယ် မင်းကို ချစ်မှုပြုခဲ့တဲ့ အခါမှသာပဲ အလင်းရောင် တောက်ပနိုင်တော့တယ်။ 

ပိုးစုန်းကြူးက မီးထွန်းညှိလိုက်၊ မှိန်ဖျော့သွားလိုက်၊ မီးထွန်းညှိလိုက်၊ မှိန်ဖျော့သွားလိုက်နဲ့

သံလွင်ပင်တွေအကြား အမှောင်ထုထဲမှာ ကိုယ်တို့တွေက သူ ပျံသန်းနေတဲ့ မီးရောင်နောက် လိုက်ခဲ့ကြတယ်။ 

ဒီလို စိတ်ပျက်ညိုးငယ်စရာ လတွေတစ်လျှောက်လုံး ကိုယ့်ရဲ့ စိတ်ဝိညာဉ်က လေးလံစွာ ထိုင်ချလို့၊ အသက်မဲ့နေလို့ 

ဒါပေမဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က မင့်ရဲ့ ခန္ဓာကိုယ်ဆီကို လျှောက်လှမ်းခဲ့ပါတယ်။ 

ညကောင်းကင်က နိမ့်နိမ့်လေး။ 

ကိုယ်တွေတတွေဟာ စကြာ၀ဠာကြီးဆီက လျှို့ဝှက်စွာ နို့ထုတ်ယူခဲ့ပြီး ရှင်သန်ခဲ့ကြတယ် ။ ။ 


(Tomas Tranströmer’s FIRE GRAFFITI)


- မွန်လတ်နဲ့ ယာယာအတွက် -


◾️ မိုးရဲ