မွေးနေ့ကဗျာ
အခန်းမှားဝင်မိတယ်
လူမှားနှုတ်ဆက်မိတယ်
သွားမှားနှုတ်မိတယ်
လမ်းကတော့အမှန်
ကိုယ်သွားတော့ သူကပြန်လာပြီ
ကျွန်တော့ ဂစ်တာ အဖေ ရိုက်ချိုးခဲ့လို့
ဒီနေ့မှာ
သမီးတွေကိုဂစ်တာ ပြန်ဝယ်ပေးလိုက်တယ်
ခြင်းအလှခတ်ပြနေတာက တစ်ဘဝ
ခြင်းကြားနဲ့ရေသည်နေရင်းက ငါးပါလာလို့ ကံကောင်းသူ
မိုးရွာထဲလည်း ပန်းပင်တွေ ရေလိုက်လောင်းသူ
ကျန်တာ လူထဲကလူ
အဲဒီထက် ပိုတာမရှိပါဘူး
အမေက ငါ့သား ကဗျာဆက်တွေးနေတာလားတဲ့
ကျွန်တော်ကလည်း ဒီလိုရေးတတ်
ဓားက ထက်နေရင် ဆက်သွေးရင် ကျိုးပဲ့တတ်
ခုတ်ထွင်ရှင်းလင်းတတ်ဖို့သာ လိုရဲ့ ။ ။
-စိုင်းဝင်းမြင့်
.jpg)
14 Comments
မွေးနေ့တဲ့🥺
ReplyDelete❤
ReplyDeleteGood poem
ReplyDeleteDone
ReplyDelete💛💜
ReplyDelete91523
Delete🤍
ReplyDelete♥︎
DeleteDone 🍀
ReplyDelete♥︎
ReplyDeleteကိုယ်တစ်ယောက်တည်းလည် ပြုံးရယ်တတ်သေး
Deleteကိုယ်တစ်ယောက်တည်းလည်
ပြုံးရယ်နေနိုင်သေးတစ်ယောက်ယောက်ကိုလည်း
ပြုံးပြနိုင်သေး
ဘ၀ဟာ ဘယ်မှာ ပိုဆိုးသေးလို့လဲ ။
#စိုင်းဝင်းမြင့်
Done
ReplyDelete❤
ReplyDeleteDone
ReplyDelete