ငါ့နားထင်ကိုတေ့ထားတဲ့သီချင်း
.......................................................
သေခြင်းတရားအကြောင်း
လူပြောသူပြော များလှတဲ့ နေ့တစ်နေ့မှာ
ကျနော် ဒီကဗျာကို ရေးဖြစ်တယ်။
ပရက်စလေ ကတ်ကိုဘိန်း ၊
မြို့မငြိမ်း နဲ့ ဗင်းဆင့်ဗန်ဂိုး…
သူတို့လောက်သတ္တိမရှိတာ နာတယ်။
ခေါင်းတိုင်ကထွက်လာတဲ့မီးခိုးငွေ့လို
အလွမ်းအမောများနဲ့
ဘဝက … ဆွဲရင်လည်းသေ
မဆွဲရင်လည်း အစားခံရမယ့် ဖဲ
သင်္ဘောပျက်တစ်စီးလို
တိတ်ဆိတ်နေလိုက်တယ်။
မတော်တဆတော့
ကျနော်ကျမကွဲချင်ဘူး အမေ။ ။
- ရိုးဒီ
.jpg)
5 Comments
ဘဝက … ဆွဲရင်လည်းသေ
ReplyDeleteမဆွဲရင်လည်း အစားခံရမယ့် ဖဲ
သင်္ဘောပျက်တစ်စီးလို
တိတ်ဆိတ်နေလိုက်တယ်။
#ရိုးဒီ
Fighting
ReplyDeleteမတော်တဆတော့
ReplyDeleteကျနော်ကျမကွဲချင်ဘူး အမေ။ ။
🤍
ReplyDeleteAppreciate.
ReplyDelete