မမဆိုတာ ဖွဲသီလိုမကုန်နိုင်တဲ့ ငါတိုရဲ့ ကဗျာ


ငါတိုပြောတဲ့ ငါတိုရဲ့ မမ


မမဟာ ငါတိုရဲ့ အသက်ရှူလမ်းကြောင်း 

ငါတိုက ငါတိုဖြစ်နေလို 

အဲ့ဒီ မမကို လိုအပ်နေတာပဲ မဟုတ်လား 

မမတွေ ကလေးဆန်ရင် 

ဘယ်ကလေးမှ ကလေးမဖြစ်တော့ဘူး 

မမကသာ ကလေးပဲ ။ 


မဲ့ရွဲနေတဲ့ နှုတ်ခမ်းပါးကိုလေ 

ချစ်   တယ် 

ဝေ့ဝဲနေတဲ့ ဆံပင်ရှည်ရှည်တွေ 

မင်းကများ ငါ့ကို ဆိုတဲ့အကြည့်တွေ 

သိတယ်မလား (ဆရာ လာမလုပ်နဲ့ဆိုတဲ့ အကြည့်တွေ)  

ချစ်တာထက် ပိုခဲ့ရ 


မမ ဆိုတဲ့ မြစ်မှာ လာပျော်တဲ့ ပင်လယ်ဖျံတွေက ငါတိုပဲ 

ငါတိုက အပူကိုမကြောက်လို 

မီးပုံကို စွတ်တိုးခဲ့တဲ့ ပိုးဖလံတွေ 

ပျော်စရာတွေကို မမနဲ့မှ ပျော်ချင်တဲ့ ဒြပ်စင်တွေ 

"မောင်" လိုခေါ်တာနဲ့ ငေါက်ခနဲ ထ ပွင့်မယ့် ပိတောက်ပန်းတွေ 

မိုးရေကို စောင့်နေစရာမလို 


ချစ်ခြင်းမေတ္တာမှာ မမ မရှိရင် 

သေတော့မဲ့ အထာတွေနဲ့ ။ 


အဖွားကြီး လို စနောက်ပြီးခေါ်ရင် 

စိတ်ဆိုးတယ် 

ကလေး လို ခေါ်ရင် 

"အမယ်" လို ပြန်ပြောတယ် 

မမက ဘာလဲ 


ငါတိုကတာ့ မမပါပဲ ။ 


 #ဗာဂို