"ငရစ်တက်ချိန် "
ရေအောက်ကို ကျည်ဆန်ဖြတ်သွားတော့
ကျည်ဆန်ရဲ့ လားရာနဲ့ လာရာကိုပါ မြင်ရတယ်
ရေပြင်ပေါ် နေခြည်ထိုးသလိုပေါ့
အသံတွေ တိုးတိတ်သွားတယ်
သူ့ခေါင်းထဲကို သူ့ရင်ဘတ်ထဲကို
နေရောင်ခြည် ဝင်ရောက်သွားတယ်
လိုပဲ ဆိုကြပါစို။
အို ... အလှမွေးငါးများနှင့်
ပင်လယ်ပြင်ပိုက်ကွန်ထဲက ငါးများတို
အချင်းမများကြလင့်။
မနေ့က ကျဆုံးသူရဲကောင်းစာရင်းဟာ
ဒီနေ့ ငါးစိမ်းသည်အဒေါ်ကြီးအတွက်
ပေါက်ဂဏန်းဖြစ်ခဲ့လေတယ်
ဆရာတော်ကြီးရဲ့ အတိတ်စိမ်းအရဆို
ဒီတခါလည်း အရှက်မရှိတဲ့မျက်နှာပါပဲ
ဒီသမိုင်းမှာလည်း ထွက်ပြီးသားဂဏန်းပါပဲ။
ငါးစိမ်းသည်ကြီး သေလည်း နတ်ဖြစ်တာပါပဲ
သူ့နတ်နန်းဘေးက တိမ်တိုက်တွေမှာတော့
ငါးညှီနံ့ စွဲကပ်နေရှာတယ်
အောက်ဆီဂျင်ကို နားမလည်တဲ့ငါးလည်း
(မဟုတ်ဘူး ငါ့အမေလည်း)
နောက်ဆုံးကျတော့
အောက်ဆီဂျင်ကို တောင့်တခဲ့ရတာပဲ
ဒီကာလကြီးထဲတော့ ဘယ်သူမှ အသက်ရှုမဝပါဘူး
ရေအောက်မှာ မျက်လုံးဖွင့်နိုင်ဖိုဆိုတာ
အလေ့အကျင့်ရှိဖိုတော့ လိုတာပေါ့ အမာရွတ်တို။
အမှောင်ကတော့ မျက်လုံးမှိတ်ထားလည်း
မြင်နေရတာပဲလေ ငါ့ကို
အလင်းအကြောင်းသာ ပြောကြစမ်းပါ။
- ရှိန်ဝါ -
.jpg)
8 Comments
❤️
ReplyDelete😇😇😇😇😇😇
ReplyDeleteအမှောင်ကတော့ မျက်လုံးမှိတ်ထားလည်း
ReplyDeleteမြင်နေရတာပဲ
😌
ReplyDeleteDone 🍀
ReplyDeleteAppreciate.
ReplyDeleteFighting
ReplyDeleteClick,click,click..........
together fighting💛
Deleteဒုန်းဒုန်းဒုန်း