တရေးနိုးတော့
အင်တာနက်ဒေတာဖွင့်တယ်
မင်းအကောင့်လေး ဘယ်နှစ်မိနစ်agoလဲဆိုတာ
ကြည့်တယ်
မင်း Wall သွားတယ်
မင်းတင်တဲ့ပုံလေးတွေ စတေးတပ်လေးတွေကြည့်တယ်
LIKE တွေ ကွန်မန့်တွေဖတ်တယ်
မင်းရဲ့replyတွေဖတ်တယ်
အဲ့ဒိအထဲ
ငါ မသိခဲ့တဲ့ သူစိမ်းတစ်ယောက်ယောက်ပါလာရင်
သူ့Wallပေါ်သွားကြည့်ဖြစ်တယ်
မင်းနဲ့ခင်မင်မှုအတိုင်းအတာ ဘယ်လောက်လဲ
ခန့်မှန်းတယ်
မင်းပုံလေးတွေကို
Love reacted ပေးတဲ့ကောင်တွေဆို
ကျိန်ဆဲတယ်
ဟိုလိုလို ဒီလိုလို မန့်တဲ့ကောင်တွေဆို
Report ထုခဲ့တယ်
ဒါဟာ ငါပျော်ပျော်ကြီး ယူဖြစ်တဲ့
အကုသိုလ်တွေပဲ
မင်းနဲ့ ဝေးတဲ့နောက်။
- လင်းမာအို
.jpg)
3 Comments
Appreciate.
ReplyDelete😪
ReplyDeleteငါပျော်ပျော်ကြီး ယူဖြစ်တဲ့
ReplyDeleteအကုသိုလ်တွေပဲ
မင်းနဲ့ ဝေးတဲ့နောက်။
- လင်းမာအို