လူအများကြီးဆင်းရဲနေပြီး

လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့

ငါ့တိုင်းပြည်မှာ

တိုင်းပြည်ကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊

အမိအဖကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊

ငါ့မိန်းမပျိုကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊


ဘုရားရှစ်ခိုးရတာက အစ

သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ

ငါ့မှာ အရသာမရှိဘူး၊

 

#ကေဇ၀င်း