ဖြစ်နိုင်မယ် ဆိုရင် သာမန် ကျဆိမ့် တစ်ခွက်ကို

တစ်ခွက်ချင်း သောက်ရင်း ချစ်သူ့မျက်နှာကို တစိမ့်စိမ့် ငေးကြည့် 

ကြည်နူးခွင့်ရမယ့် သာမန်ဆိုင်ကလေးမှာ ထိုင်ချင်တယ် 


ဒီထက် ပိုဖြစ်နိုင်မယ် ဆိုရင် သာမန် ဆေးပေါလိပ် တစ်လိပ်ကို 

ခပ်မျှင်းမျှင်း ဖွာရှိုက်ရင်း ချစ်သူရဲ့ အမာန်အမဲလေးကို တိတ်ဆိတ်

ငြိမ်သက်စွာ ခံယူလို့ ရမယ့် သာမန်ဆိုင်ကလေးမှာ ထိုင်ချင်တယ်


နောက်ထပ် ဖြစ်နိုင်သေးတယ် ဆိုရင် 

ချစ်သူကို ပြောပြချင်တယ်

ဘာမှ ဖြစ်မလာနိုင်ခဲ့ရင်လည်း ဘာမှ မဖြစ်ပါဘူး

ဘာလို့ဆို အစကတည်းက 

ကျွန်တော်ဟာ တစ်ယောက်တည်း မို့ပါပဲ ။


#ကိုသျှား

-အထီးကျန်အော်ပရာ