ငါ သေနတ်မပစ်တတ်ဘူး

ငါ သေနတ်မပစ်တတ်ဘူး

ငါ့လက်က ဂစ်တာတီးခဲ့တာ။

ငါ သေနတ်မပစ်တတ်ဘူး

ငါ့လက်က ကဗျာပဲရေးတတ်တာ။

ငါ သေနတ်မပစ်တတ်ဘူး

ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ ။

အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်

ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်

အဲ့ဒါဟာ မမျှတဘူးလို ခံစားနေရတယ်

လိပ်ပြာမလုံဘူးလို တွေးရိပ်ထင်နေတယ်

ငါ သေနတ်ပစ်မယ်

ငါ သေနတ်ပစ်မယ်

ပါးစပ်နဲ့မရတာ သေချာတဲ့အခါ

သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်

ငါ သေနတ်ပစ်မယ် ။      ။


#ခက်သီ