ကိုယ်တို့ သေဆုံးသွားခဲ့ရပြီးတဲ့နောက်မှာရော နေရောင်က ဆက်လင်းနေဦးမှာလား
လို့ ကိုယ် သံသယ ရှိတယ်။ ရေတွေအားလုံး ကိုယ်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဖြတ်သန်း စီးဆင်းသွားခဲ့ကြပြီးပြီ။ Megafrost နေရောင်ခြည်ကို ရောင်ပြန်ဟပ်သွားစေပြီး အေးခဲနေတဲ့ ရေခဲထု တံတိုင်းကြီး။ ဒီနေရောင်ခြည်အောက်မှာပဲ ဘ၀တော့ ခါးပါပြီလို့ အော်ဟစ်ငိုကြွေးနေတဲ့ အဘွားအိုတစ်ယောက်။ ပြီးတော့ ကိုယ့်နံဘေးမှာ အမြဲတမ်း ရှိနေပါမယ်ဆိုတဲ့ မင်း။ ဒီလောက် အပျက်အဆီးတွေ ကြားထဲမှာတောင်မှ ချစ်သူတွေက တစ်ယောက် မျက်နှာ တစ်ယောက် တွေတွေဝေဝေ ငေးမောနေကြဆဲပဲ။ သူတို့တွေသာ မရှိခဲ့ဘူး ဆိုရင်လည်း တွန့်လူးနေတဲ့ ဥတ္တရ အစိမ်းရောင် အလင်းတန်းတွေအကြောင်းကိုလည်း ဘယ်သူကမှ မဆုံးနိုင်တဲ့ ဒဏ္ဍာရီဇာတ်ကြောင်းတွေ ဆက်လက် ရေးသားနေကြတော့မှာ မဟုတ်ဘူး။ ဥပမာ မီးမြေခွေး တစ်ကောင်က လေထု သက်တံ့ထဲမှာ အလျင်စလို ပြေးလွှားသွားခဲ့တဲ့ အတွက်ကြောင့် အစိမ်းရောင် မီးတောက်တွေက အနောက်မှာ ကခုန် ကျန်ရစ်နေခဲ့ရတယ် ဆိုတဲ့အကြောင်း။ အစိမ်းရောင်နဲ့ နေရောင်ခြည် တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပုံကိုလည်း အမြဲတမ်း ကိုယ် အံ့အားသင့်ခဲ့တယ်။ ပြီးတော့ ဘယ်သူမဆို သူတို့ဘ၀ရဲ့ အဆိုးဆုံး အချိန်မတိုင်ခင်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့သာ ယှဉ်ပြီး တခြားသူ တစ်ယောက်ရဲ့ ဘ၀ကို မှတ်ချက်ချ၊ ဆုံးဖြတ်နေကြတာတွေကိုရော။ ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေ အားလုံးရဲ့ အထဲမှာ ချစ်သူတွေ၊ မိသားစုတွေ အတူတူ လဲလျောင်း အိပ်စက်ဖူးတဲ့ အိပ်ရာတွေ၊ ကုတင်တွေ ရှိဖူးခဲ့ကြလိမ့်မယ်။ ဒီအိပ်ရာတွေ အထက်မှာတော့ အရည်ပျော်ကျနေဆဲ ရေခဲမြစ်တွေအားလုံးရဲ့ အပေါ်က မင်းရဲ့အပြုံးလို နေရောင်ခြည် ။ ။
မိုးရဲ
Dec 2022
.jpg)
1 Comments
😇😇😇😇😇
ReplyDelete