•••••••••••••••••
အသံသာတဲ့ဆည်းလည်းလေးကို
ဆောင်းလေက ဝင်တိုးသက်သလိုနေ့မျိုးပေါ့
သူမလာတယ်
ကမ္ဘာတစ်ခြမ်းစာ သံသရာပန်းတွေပွင့်ဖို့
သူမလာတယ်
ရှေးရေစက်ဆိုတာ ဘာဟုတ်သေးလို့လဲ
တစ်ယောက်အချစ်မှာ တစ်ယောက်ကမျက်မြင်သက်သေ
တစ်ယောက်ကိုတစ်ယောက် အမှုတွဲလို့
မီးခိုးလေးက စ လိုက်လည်း
နန်းပြဿဒ်မှာ ဆုံးမယ်
သူမလာတယ်
ဘဝရဲ့ မိုးလေဝသမှာ တိမ်ကင်းစင်သောနေ့မျိုးပေါ့
သူမလာတယ်
သူမလာတယ်
ထွန်းကားတဲ့မြို့ကြီးတစ်မြို့ကို ဇာတာဖတ်ပေးဖို့
ကြောင်ဖြူဖြူလေး တစ်ကောင်မွေးဖို့
ဆေးခြောက်သောက်ပြီး လိင်ဆက်ဆံဖို့
ချစ်တယ်ပြောပြီး စိတ်ကောက်ပစ်လိုက်ဖို့
သူမလာတယ်၊
တစ်ခေတ်မှာ တစ်ခါတော့ခမ်းနားရမယ်
အချစ်ဟာ တစ်ခါတော့ ဆန်းပြားပါတယ်
သူမလာတယ်။
- Aမွန်

4 Comments
Nice....🌸
ReplyDeleteရှေးရေစက်ဆိုတာ ဘာဟုတ်သေးလို့လဲ
ReplyDeleteတစ်ယောက်အချစ်မှာ တစ်ယောက်ကမျက်မြင်သက်သေ
တစ်ယောက်ကိုတစ်ယောက် အမှုတွဲလို့
မီးခိုးလေးက စ လိုက်လည်း
နန်းပြဿဒ်မှာ ဆုံးမယ်
😍
ReplyDeleteသူမ
ReplyDelete