`` ဓားရဲ့တရားဆိုတာ

ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ် ´´


တရားတာတွေ မတရားတာတွေ နားမလည်ဘူး

လက်နက်နဲ့အာဏာသာရှိရင် ဥပဒေလဲ ခြေသုတ်ခုံပဲလို့

သဘောထားတဲ့ လူ့တိရစ္ဆာန်တွေ အုပ်ချုပ်နေတဲ့

စစ်ကျွန်ဘ၀မှာ နေသားမကျလိုက်ပါနဲ့။


တိုင်းပြည်နဲ့လူမျိုးကို လက်ခုပ်ထဲကရေလို

သွန်ချင်သွန် မှောက်ချင်မှောက် မထင်ရင်မထင်သလို

မတရားသတ်ဖြတ် ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ရတဲ့

ဖြစ်ရပ်တွေကို မျက်ကွယ်မပြုလိုက်ပါနဲ့။


ဒီနေ့ အသက်ရှင်နေပေမယ့် မနက်ဖြန် အသုဘ ဖြစ်သွားနိုင်တဲ့ စစ်အာဏာရှင်တို့ အုပ်ချုပ်တဲ့ လက်ထက်မှာ

သေမထူး နေမထူးတဲ့ ဘ၀တွေမို့ မထူးဇာတ်ခင်းလို့တစ်ခါလောက်ရဲရင့် ကြည့်လိုက်ကြရအောင် 


တော်လှန်ရေးကြီး အောင်မြင်ဖို့ အဓိက သော့ချက်က

ပြည်သူတွေရဲ့ စည်းလုံးညီညွှတ်မှု ခွန်အားနဲ့

ထောက်ပံ့ ကူညီမှုကနေ မြစ်ဖျားခံတာမို့ ...


အကြောက်တရားတွေ ဘေးဖယ်လို့ 

သတိရှိရှိ အသိရှိရှိနဲ့ တော်လှန်ရေးအတွက်

ပံ့ပိုးရင်း ကူညီရင်း ထောက်ပံ့ရင်း ...


နွေဦးတော်လှန်ရေး သမိုင်းမှာ ကျွန်မတို့ရဲ့ ပါ၀င်မှု

ရဲရင့်မှုတွေကို ကဗ္ဗည်းထိုး မှတ်တမ်းတင်ကြစို့


လာပါ

ကျွန်မတို့ရဲ့ လက်တွေ ခိုင်ခိုင်တွဲလို့

စစ်ကျွန်ဘ၀ လောင်းရိပ်အောက်ကနေအတူ ရုန်းထွက်ပြီး

တက်နိုင်တဲ့ဘက်ကနေ ကျရာ တာ၀န်ကိုယ်စီယူလို့

ဒီ တော်လှန်ရေး ပန်းချီကားကို အနားသတ်ရကြအောင်။


#ကေဇ၀င်း