စူဠသုဘဒ္ဒါနဲ့ AK47 သောက်ခြင်း
လောကကို ငါ မေ့နေချိန်မှာ ဘုရားတွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ်
နေက ကမ္ဘာကိုပတ်လိုက် ကမ္ဘာက နေကိုပတ်လိုက် ဆိုလား
သင်ကြားရတယ်
မိန်းမအင်္ဂါလို ကျဉ်းလိုက်ကျယ်လိုက် မစွန့်ပစ်ရက်သော ကမ္ဘာ
နံလိုက်မွှေးလိုက် ကမ္ဘာ
လေယာဉ်ပျက်ကျခြင်း သတင်းလို ဖုန်းက အလိုလိုပွင့်လာ
အဆိပ်တုံးပစ်ခံရတဲ့ ခွေးလို
လမ်းတစ်လျှောက် သွားရည်တများများ ပြေးလာ
အချစ်ပဲ
ဆေးထိုးမှားတဲ့အခါ အော်ရသလောက်ပေါ့။ ။
-ကြည်ဇော်အေး
.jpg)
1 Comments
❣️🍀
ReplyDelete