-ငေးခြင်း-


ကျနော့်ဗိုက်ထဲမှာ 

မျှော်စင်ကြီးတစ်ခုရှိတယ်

အထပ် ၉ ထပ် ပါတယ်

ပထမမှာ သုတ်ရည်တွေနဲ့

လှေကားတောက်လျှောက်

မီးတောက်တွေကို တွေ့ရလိမ့်မယ်

ဒုတိယထပ်လျှောက်ရင်

သံမဏိကြိုးခွေတွေကို ဝါးစားနေတဲ့

ကိုအောင်သက်ဦး

မရမ်းပေါင်းနဲ့ သံပရာသီးတွေ

ငါးထပ်မြောက်မှာ လူသားသစ်

မှန်တစ်ချပ်ဟာ ပကတိအကောင်းအတိုင်း

အက်ကွဲနေလို့ပါတယ် ။


- မောင်ရေချမ်း