ငေး ၁၀။


ချစ်တယ်လို့ ပြောလိုက်တိုင်း

ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး

ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး။

တစ်ခါတစ်ရံမှာ

သိနေစေချင်ရုံ သက်သက်နဲ့လည်း

ချစ်တယ်လို့ ပြောခွင့်ရှိပါတယ်။    ။

 

#မောင်ဆောင်းခ