အချစ်ဦး (၂)
___________
မျက်ရည်ဝဲ နေတဲ့အချိန်
တိမ်တွေကို မြင်ရတာလောက် လှတဲ့
မြင်ကွင်းမရှိခဲ့ဘူး၊
အချစ်ဦးဟာ အတိတ်မှာ
နေခဲ့စဉ်ကတည်းက
အိပ်မက်ထဲမှာ မိုးသားတိမ်တိုက်တွေ
အမြဲလိုလို ပြည့်နှက်နေပြီး
စလိုးမိုးရှင်း မိုးရာသီ ပဲ ရှိခဲ့တယ်
တခါတေလ
ဘဝ က အတိတ်ဆိုးတွေကိုပေးပြီး
အတိတ်ဆိုးတွေက ဘဝ ကို
နာကျင်စေမှု ပြန်ပေးတယ်။
နောက်တော့ တခါတလေတွေဟာ
အမြဲထာဝရ ဖြစ်လာတယ်။
နှလုံးသား ဆိုတဲ့ အရာကို
မှတ်ဥာဏ်ဆိုတဲ့ အရာတွေက
ပေးမလွတ်မြောက်တော့...
အချစ်ဦး ဟာ
ဘယ်က အသံနဲ့ကြားကြား
ကိုယ့်ကို ဆွေးရိပ်သန်းနေစေတော့တာပဲ။
ကိုယ့် မှတ်ဥာဏ်ထဲကနေ
မင်း အမျိုးသား ရဲ့ လက်ကိုဆွဲပြီး
မင်း ထွက်သွားပါတော့လား၊
အိပ်မက်ထဲက မိုးတွေ
အပြင်မှာ တကယ်ရွာနေတယ်။
လွမ်းစရာကောင်းသလောက်
လွမ်းရတာ မကောင်းခဲ့ဘူး။
-ဇာတိ
.jpg)
5 Comments
အိပ်မက်ထဲက မိုးတွေ
ReplyDeleteအပြင်မှာ တကယ်ရွာနေတယ်။
လွမ်းစရာကောင်းသလောက်
လွမ်းရတာ မကောင်းခဲ့ဘူး။
-ဇာတိ
💛💛💛💛💛
ReplyDelete❤
ReplyDelete❤
ReplyDeleteအချစ်ဦးးး
ReplyDelete