အမှားပြင်ဆင်ချက်
အချစ်ရယ်
ခုချိန်မှာ
ငါမျက်စိကွယ်သွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မဲ့ပြလို့ရမှာ မဟုတ်တော့ဘူး။
ခုချိန်မှာ
ငါ နားပင်းသွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မုန်းတယ်လို့ ပြောလို့ရမှာ မဟုတ်တော့ဘူး။
ခုချိန်မှာ
ငါဆွံ့အသွားရင်
သိပ်ကောင်းမှာပဲ။
ငါမင်းကို
ဘယ်တော့မှ
တောင်းပန်ခယ နေရမှာမဟုတ်တော့ဘူး။
အို ဒါပေမဲ့...
မင်းကို ငါမမြင်ရရင်
မနေနိုင်ဘူးကွယ်။
မင်းအသံကို
မကြားရရင်
မနေနိုင်ဘူးကွယ်။
မင်းကို ငါမတောင်းပန်ရရင်
မနေနိုင်ပါဘူးကွယ်။
- မင်းလူ

5 Comments
Awwn ❤️
ReplyDeleteComတွေရေးရလို့ပါလား😁
ReplyDeleteငါ မင်းကိုမတောင်းပန်ရရင် မနေနိုင်ပါဘူးကွယ်
ReplyDeleteမင်းလူ
Fighting
ReplyDeleteမင်းကို ငါမမြင်ရရင်
ReplyDeleteမနေနိုင်ဘူးကွယ်။
မင်းအသံကို
မကြားရရင်
မနေနိုင်ဘူးကွယ်။